အရေးကြီး အချက်အလက် / Important information

မြန်မာနိုင်ငံအတွက် TPS ရပ်ဆိုင်းလိုက်ပါပြီ

TPS for Burma has ended. Here is what that means, what it does not mean, and where to get real help.

ကျွန်ုပ်တို့သည် ရှေ့နေများ မဟုတ်ပါ။ ဤစာမျက်နှာသည် ယေဘုယျ အချက်အလက်သာ ဖြစ်ပြီး ဥပဒေအကြံဉာဏ် မဟုတ်ပါ။ သင့်အခြေအနေအတွက် လိုင်စင်ရ ရှေ့နေ သို့မဟုတ် DOJ အသိအမှတ်ပြု ကိုယ်စားလှယ်နှင့်သာ တိုင်ပင်ပါ။

We are not lawyers. This page is general information, not legal advice. Immigration law is complicated and changes quickly — talk to a licensed attorney or a DOJ-accredited representative about your own situation.

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ / What happened

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်အခြေအနေ (Temporary Protected Status — TPS) ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပါပြီ။ ယခင်က ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်တွင် ရပ်ဆိုင်းရန် ကြေညာခဲ့သော်လည်း တရားရုံးက ယာယီဆိုင်းငံ့ခဲ့ပြီး၊ ထို့နောက် တရားရုံးဆုံးဖြတ်ချက်များအရ ဩဂုတ်လတွင် အတည်ဖြစ်သွားခြင်း ဖြစ်ပါသည်။

USCIS states plainly: “The Burma TPS designation is terminated, effective Aug. 7, 2026.” An earlier termination date of January 26, 2026 was postponed by a federal court in Illinois; after a Supreme Court decision in a related case in June 2026, the termination was allowed to proceed. Litigation continues on a narrower constitutional question, which means this could change again.

ဤသည်မှာ ဆိုလိုသည်များ / What this does mean

ဤသည်မှာ မဆိုလိုသည်များ / What this does NOT mean

ယခု လုပ်သင့်သည်များ / What to do now

  1. သင့်အခြေအနေကို အတည်ပြုပါ။ မိမိသည် TPS ဖြင့် နေထိုင်ခဲ့သူဟုတ်မဟုတ် မသေချာပါက စာရွက်စာတမ်းများကို ယူ၍ ကျွမ်းကျင်သူထံ ပြပါ — I-797 အကြောင်းကြားစာများ၊ EAD ကတ်နှင့် USCIS ထံမှ စာအားလုံး ယူသွားပါ။
  2. အခမဲ့ သို့မဟုတ် စရိတ်နည်း ဥပဒေအကူအညီ ရှာပါ။ အောက်ပါ အဖွဲ့အစည်းများသည် ဤအတွက် အထူးရှိနေပါသည်။
  3. စာရွက်စာတမ်းအားလုံး သိမ်းထားပါ။ USCIS မှ စာတိုင်း၏ မိတ္တူနှင့် ဓာတ်ပုံ ရိုက်ထားပါ။ လိပ်စာပြောင်းပါက USCIS သို့ ရက် ၁၀ အတွင်း အကြောင်းကြားရပါမည်။
  4. အလုပ်ရှင်က အလုပ်လုပ်ခွင့် တောင်းပါက ရှေ့နေနှင့် တိုင်ပင်ပြီးမှသာ စာရွက်စာတမ်း တင်ပြပါ။

လိမ်လည်မှုကို သတိထားပါ

ဤကဲ့သို့ အချိန်များတွင် လိမ်လည်မှုများ များပြားလာတတ်ပါသည်။ အမေရိကန်တွင် “notario” သည် ရှေ့နေ မဟုတ်ပါ — အခြားနိုင်ငံများနှင့် မတူပါ။ ဥပဒေအကြံဉာဏ် ပေးပိုင်ခွင့် မရှိပါ။ လုပ်ငန်းစဉ်ကို “မြန်အောင်လုပ်ပေးမည်” ဟု ကတိပေးသူများ၊ ငွေကြိုတောင်းသူများနှင့် စာရွက်စာတမ်းမူရင်းများကို သိမ်းထားလိုသူများကို ရှောင်ပါ။ မှန်ကန်သော အကူအညီသည် အခမဲ့ သို့မဟုတ် စရိတ်နည်းပါးစွာဖြင့် ရနိုင်ပါသည်။

အကူအညီ ရနိုင်သည့်နေရာများ / Where to get help

Always confirm that anyone offering immigration help is a licensed attorney or accredited by the U.S. Department of Justice. You can check the DOJ’s list of recognized organizations and accredited representatives.

For employers

If you employ Burmese-speaking workers, this creates a specific obligation. USCIS states that EADs in category A12 or C19 issued to TPS Burma beneficiaries are no longer valid, that employers must reverify those employees, and that you cannot continue employing someone who cannot provide proof of current work authorization.

Two things worth getting right, because both carry legal risk of their own. First, reverification applies to the specific employees whose document expired — not to everyone who looks or sounds foreign; over-broad reverification is itself a discrimination problem. Second, many Burmese employees never held TPS at all, and their status is untouched. Check the document you actually have on file rather than assuming, and take advice from an employment attorney on your process.

If you need this communicated clearly to affected staff, we translate HR and workforce documents into Burmese with the formatting intact — see translation services, or read our guide for employers.

Related reading

Last updated September 13, 2026. Sources: USCIS Form I-9 notice “Update on Termination of Temporary Protected Status for Burma (Release: Aug. 7, 2026)”; USCIS SAVE notice of the same date; reporting by WBOI and Catholic Charities Fort Wayne. Dates and rules in this area change — check the USCIS page above before acting.