ကျောင်းပိတ်ရက်၊ နှောင့်နှေးချိန်နှင့် eLearning နေ့များ

School delays, closings, and eLearning days

ဆောင်းရာသီ သတိပြုရန်

နှင်းထူခြင်း သို့မဟုတ် လမ်းခဲခြင်းကြောင့် ကျောင်းများ ရုတ်တရက် ပိတ်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း ရှိတတ်ပါသည်။ “2-hour delay” ဆိုသည်မှာ ကျောင်းစချိန်နှင့် ကားလာချိန် 2 နာရီ နောက်ကျမည်ဟု ဆိုလိုပါသည် — ကျောင်းဆင်းချိန်က ပုံမှန်အတိုင်း ဖြစ်ပါသည်။

eLearning နေ့ ဆိုတာ

ကျောင်းအဆောက်အအုံ ပိတ်သော်လည်း စာသင်ခန်းမပျက်စေရန် အိမ်မှ အွန်လိုင်းသင်ခန်းစာ လုပ်ရသည့်နေ့ကို eLearning day ဟုခေါ်ပါသည်။ ကလေး၏ ကျောင်းထုတ် laptop/tablet နှင့် login ကို အိမ်တွင် အဆင်သင့်ထားပါ။ အင်တာနက် မရှိပါက ကျောင်းကို အကြောင်းကြားပါ — ဖြေရှင်းနည်း ရှိလေ့ရှိပါသည်။

သတင်း ဘယ်လိုရမလဲ

  • ကျောင်းခရိုင်၏ ဖုန်းခေါ်ဆိုမှု/စာတို (robocall) — ကျောင်းတွင် ဖုန်းနံပါတ် အမှန်ပေးထားပါ။
  • ခရိုင် website နှင့် Facebook စာမျက်နှာ
  • ဒေသခံ TV သတင်းဌာနများ၏ closing list
  • မသေချာပါက — ကျောင်းမပို့မီ ခရိုင် website ကို အရင်စစ်ပါ။

ဤဆောင်းပါးသည် ယေဘုယျလမ်းညွှန်သာဖြစ်ပြီး သင့်ကျောင်းခရိုင်၏ တရားဝင်ညွှန်ကြားချက်များကို ဦးစားပေး လိုက်နာပါ။

← လမ်းညွှန်များ အားလုံး / All guides