ကျောင်းပြက္ခဒိန်နှင့် ကျောင်းတက်ရောက်မှု

The U.S. school calendar and attendance

ပြက္ခဒိန် အခြေခံ

စာသင်နှစ်သည် ဩဂုတ်လခန့်တွင် စတင်ပြီး မေ/ဇွန်လတွင် ပြီးဆုံးပါသည်။ Semester နှစ်ခု သို့မဟုတ် nine weeks လေးပိုင်း ခွဲထားပြီး ပိုင်းတိုင်းအဆုံးတွင် အမှတ်စာရင်း ထုတ်ပေးပါသည်။ Fall break၊ ခရစ္စမတ်/ဆောင်းရာသီပိတ်ရက်၊ Spring break နှင့် အစိုးရရုံးပိတ်ရက်များ ပါဝင်ပါသည်။

Half day နှင့် အထူးနေ့များ

Half day / early dismissal ဆိုသည်မှာ ကျောင်းစောဆင်းသည့်နေ့ ဖြစ်ပါသည် — ကလေးကြိုချိန် မမှားစေရန် ကျောင်းပြက္ခဒိန်ကို သတိထားကြည့်ပါ။ Teacher work day / PD day ဆိုသည့်နေ့များတွင် ကျောင်းသားများ လုံးဝကျောင်းတက်စရာ မလိုပါ။

ကျောင်းတက်ရောက်မှု အရေးကြီးပုံ

ခွင့်မဲ့ပျက်ကွက်မှု (unexcused absence) များလာပါက ကျောင်းက သတိပေးစာ ပို့ပြီး ဆက်လက်များပါက ဥပဒေအရ အရေးယူနိုင်ပါသည်။ ကလေးနေမကောင်းပါက ကျောင်းရုံးခန်းကို နံနက်တိုင်း ဖုန်းဆက် အကြောင်းကြားပါ — ၎င်းသည် excused absence ဖြစ်စေပါသည်။ ခရီးရှည်သွားရန် စီစဉ်ပါက ကျောင်းကို ကြိုတင်အကြောင်းကြားပါ။

ဤဆောင်းပါးသည် ယေဘုယျလမ်းညွှန်သာဖြစ်ပြီး သင့်ကျောင်းခရိုင်၏ တရားဝင်ညွှန်ကြားချက်များကို ဦးစားပေး လိုက်နာပါ။

← လမ်းညွှန်များ အားလုံး / All guides